ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

 Failed States ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ဆိုမာလီယာက ငါးနှစ်ဆက်တိုက် ထိပ်ဆုံး၌ရပ်တည်

ဆိုမာလီယာနိုင်ငံ အလယ်ပိုင်းရှိ ဟူဒါမြို့တွင် ကလေးတစ်ဦး စက်ဘီးစီးနေမှုကို ဇွန်လ ၁၂ ရက်က တွေ့ရစဉ်
နှစ်စဉ်ထုတ်ပြန်လေ့ရှိသော Failed States စာရင်းကို ထုတ်ပြန်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင်လည်း ဆိုမာလီယာက ငါးနှစ်ဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး ၁၀ နိုင်ငံတွင် အာဖရိကနိုင်ငံ ခြောက်နိုင်ငံ ပါဝင်ခဲ့ကြောင်း သိရသည်။
ဥပဒေစိုးမိုးမှု နိုင်ငံတစ်ဝန်း ကင်းမဲ့နေခြင်း၊ အစိုးရ၏ အာဏာ သက်ရောက်မှု မရှိခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှု၊ သောင်းကျန်းမှု ဖြစ်ပွားခြင်း၊ ရာဇ၀တ်မှု ထူပြောခြင်း၊ ပြည်ပသင်္ဘောများကို ပင်လယ်ဓားပြတိုက်မှု ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေခြင်းတို့ကြောင့် ဆိုမာလီယာသည် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် အကျိုးအမြတ်မယူသော Fund for Peace က ဇွန်လ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
ယင်းစာရင်းကို ထုတ်ပြန်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်ဆိုလျှင် ရှစ်နှစ်မြောက် ရှိလာပြီဖြစ်ပြီး ယခုနှစ်စာရင်းတွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့် အညွှန်းကိန်းများအပေါ် အခြေခံတွက်ချက်ကာ Foreign Policy မဂ္ဂဇင်းက ဇွန် လ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိပ်ဆုံးတွင် ရပ်တည်နေသော နိုင်ငံများမှာ Failed state မဖြစ်သင့်ဘဲ ဖြစ်နေခြင်းဖြစ်ပြီး ယင်းနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု ကွာဟခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားခြင်းစသော ကြီးမားသော ဖိအားများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။
ဆူဒန်နိုင်ငံအရှေ့ပိုင်းရှိ ကက်ဆာလာပြည်နယ်တွင် အမျိုးသားတစ်ဦး လက်ဆေးနေမှုကို ဇွန်လ ၁၂ ရက်က တွေ့ရစဉ်
ဆိုမာလီယာနိုင်ငံ မြို့တော်ဖြစ်သော မိုဂါဒစ်ရှူးတွင် အခိုက်အတန့်အားဖြင့် ငြိမ်းချမ်းမှု ကြုံတွေ့ခဲ့သည်ဟု Foreign Policy  က ဖော်ပြခဲ့သည်။  မိုဂါဒစ်ရှူးမြို့လယ်တွင် ခြေကုပ်ယူထားသော အယ်လ်ကေးဒါးများနှင့် ဆက်နွှယ်သည့် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘားတို့ကို အာဖရိကသမဂ္ဂ တပ်ဖွဲ့ဝင်များက ပြီးခဲ့သောနှစ်တွင် တိုက်ထုတ်နိုင်ခဲ့ကြောင်း စီအင်န်အင်န်က သတင်းဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း ထိပ်ဆုံး ၁၀ နေရာပြင်ပ၌ အကြီးမားဆုံး အပြောင်းအလဲမှာ ၂၀၁၁ ခုနှစ်တွင် လူထုတော်လှန်ရေးများ ဖြစ်ပွားခဲ့သော မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများဖြစ်သည်။
နေတိုးဦးဆောင်သော ကဒါဖီအစိုးရဖြုတ်ချရေး စစ်ဆင်ရေးနှင့် ပြည်တွင်းစစ်ဖြစ် ပွားခဲ့ခြင်းကြောင့် လစ်ဗျားမှာ ၂၀၁၁ ခုနှစ်တွင် အဆင့် ၆၀ ၌ ရပ်တည်ခဲ့ရာမှ ယခုနှစ်တွင် အဆင့် ၅၀ သို့ ရောက်ရှိခဲ့သည်။ နိုင်ငံရေး အကျပ်အတည်း နက်ရှိုင်းနေပြီး ပြည်တွင်းစစ် ဖြစ်ပွားနေသည်ဆိုသော ဆီးရီးယားမှာ ၂၀၁၁ ခုနှစ်အတွင်း အဆင့် ၄၈ နေရာတွင် ရပ်တည်ခဲ့ရာမှ ယခုနှစ်တွင် အဆင့် ၂၃ နေရာအထိ ရောက်ရှိကာ အခြေအနေ ဆိုးရွားခဲ့သည်။ မှတ်သားစရာ အဆင့်များမှာ ပါကစ္စတန်က အဆင့် ၁၃၊  မြန်မာက အဆင့် ၂၁၊ မြောက်ကိုရီးယားက အဆင့် ၂၂၊ အီရန်ကအဆင့် ၃၄၊ အမေရိကန်က အဆင့် ၁၅၉ တို့ဖြစ်ပြီး ဖင်လန်မှာ အတည်ငြိမ် ဆုံးနိုင်ငံဖြစ်ကာ အဆင့် ၁၇၇ တွင် ရပ်တည်ခဲ့သည်။
ထိပ်ဆုံး ၁၀ နိုင်ငံ
  1. ဆိုမာလီယာ
  2. ကွန်ဂိုသမ္မတနိုင်ငံ
  3. ဆူဒန်
  4. ချဒ်
  5. ဇင်ဘာဘွေ
  6. အာဖဂန်နစ္စတန်
  7. ဟေတီ
  8. ယီမင်
  9. အီရတ်
  10. ဗဟိုအာဖရိကသမ္မတနိုင်ငံ
Ref:CNN

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com