ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, June 10, 2012

တရုတ်တည်ဆောက်ပေးသည့် ဆိပ်ကမ်းသစ်အား သီရိလင်္ကာ စတင်ဖွင့်လှစ်


သီရိလင်္ကာရှိ တရုတ်တည်ဆောက်ပေးခဲ့သော ဟမ်ဘမ်တိုတာဆိပ်ကမ်းတွင် သင်္ဘောများ ဆိုက်ကပ်ထားသည်ကို ဇွန်လ ၆ ရက်က တွေ့ရစဉ်
သီရိလင်္ကာအတွက် တရုတ် တည်ဆောက်ပေးသည့် ပထမဆုံး ရေနက်ဆိပ်ကမ်းကို အိန္ဒိယမှ သယ်ဆောင်လာသော ကား ၁၀၀၀ စတင် ရောက်ရှိလာခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျသည့် အဆိုပါ ရေနက်ဆိပ်ကမ်းသည် တောင်အာရှတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြင့်မားစွာ ရှိနေခြင်းကို ထင်ရှားစေခဲ့သည့် သင်္ကေတတစ်ရပ် ဖြစ်သည်။ သီရိလင်္ကာသမ္မတ မဟိန္ဒြာရာဇာပက်ဆာ၏ မဲဆန္ဒနယ် ဟမ်ဘမ်တိုတာမြို့ တောင်ပိုင်းတွင် တည်ဆောက်ထားသည့် ယင်းဆိပ်ကမ်းသည် နေ့စဉ် နိုင်ငံတကာကုန်တင်သင်္ဘော ၂၀၀ မှ ၃၀၀ အကြား အသုံးပြုနိုင်မည်ဖြစ်သည်။ အာရှတွင် ကုန်တင်သင်္ဘောများအတွက် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်သစ်တစ်ခု ဖန်တီးရန် ရည်ရွယ်ခဲ့သော ထိုစီမံကိန်းသည် ဖွင့်လှစ်ရန် တစ်နှစ်ကြာ နှောင့်နှေးခဲ့သည်။

၂၀၀၅ ခုနှစ်က ရာဇာပက်ဆာ သမ္မတဖြစ်လာခဲ့ပြီး မကြာမီ ဆိပ်ကမ်းတည်ဆောက်ရန် အိန္ဒိယအစိုးရက ကမ်းလှမ်းခဲ့သော်လည်း သီရိလင်္ကာက စီးပွားရေးအကျိုးအမြတ် မထိုက်တန်သောကြောင့်ဟုဆိုကာ ပယ်ချခဲ့သည်။ အိန္ဒိယက သီရိလင်္ကာသည် ၎င်း၏ လွှမ်းမိုးမှု ရပ်ဝန်းအတွင်းရှိ နေသည်ဟု ရှုမြင်ထားပြီး တရုတ်က အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများတွင် ခြေကုပ်ရယူလာခြင်းကို စိုးရိမ်နေသည်။

တရုတ်သည် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ချေးငွေထုတ်ပေးခဲ့ပြီး တရုတ်အင်ဂျင်နီယာ အလုပ်သမားများက တည်ဆောက်ရေးကို ဦးဆောင်ခဲ့ကြသည်။ သို့သော်ဆိပ်ကမ်းကို စီမံခန့်ခွဲရန်အတွက် သီရိလင်္ကာကို အခွင့်အရေး ပေးခဲ့သည်။

သီရိလင်္ကာမြို့တော် ကိုလံဘို၏ တောင်ဘက်မိုင် ၁၅၀ တွင်ရှိသော ဟမ်ဘမ်တိုတာ ဆိပ်ကမ်းသည် ငါးနှစ်အတွင်း ကားတစ်သန်းထိ အတင်အချ ဆောင်ရွက်ပေးနိုင်သည့် ဆိပ်ကမ်းဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း ဆိပ်ကမ်းအာဏာပိုင်ဥက္ကဋ္ဌ ပရီယက်ဝီကရာမက ပြော ကြားခဲ့သည်။

တရုတ်သည် ကိုလံဘိုတွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပြီး လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း သီရိလင်္ကာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀ ဘီလျံထိရှိလာမည်ဟု သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com