ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, June 10, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံ


ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောဖြစ် စဉ်များနှင့်စပ်လျဉ်း၍ ပြည်သူများအား ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီက မေတ္တာရပ်ခံချက်တစ်ရပ်ကို ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်း အပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား . . .
မိဘပြည်သူများနဲ့ ညီအစ်ကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ မိဘပြည်သူများ သိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်နီမော် ဖြစ်စဉ် ကိုအခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလာပါတယ်။ ဒါကြောင့်ဒီအခြေအနေဟာ ဘာသာ ရေးအဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အပါအ၀င်ကျွန်တော်တို့အားလုံးစည်း စည်းလုံးလုံးနဲ့သတိပြုပြီး ၀ိုင်းဝန်း ထိန်းသိမ်းစောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရတယ်။

မိဘပြည်သူများခင်ဗျား...
ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးတာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒနှစ်ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်း အားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဒုတိယအဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာကောင်းတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ခံစားရ ရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်အသစ်ပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ် ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့ အချိန်ကစပြီး ဖြစ်ပွားသော နေရာများမှာ ချက်ချင်း တည်ငြိမ်အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြား ဆက်စပ် ဖြစ်ပွားနိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ်ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေ အေးငြိမ်းသွားအောင် ကြိုတင် ပြင်ဆင် စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စစဉ်များနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေများကိုလည်း မိဘပြည်သူများအား အချိန်နဲ့တစ်ပြေးညီ ချပြ အသိပေးလျက် ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း ဇွန်လ ၉ ရက်နေ့ ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက် လုပ်ရပ်များ ကျယ်ပြန့်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင်ပြည်နယ်တွင်သာမက ပိုမိုကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထားကြစေချင်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်သလို ဒီလို ဖြစ်စစဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွားရအောင်လည်း တည်ဆဲဥပဒေ စည်းမျစဉ်း စည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စစဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ထို့အတူ ဘာသာရေး အဖွဲ့အစည်းများနဲ့ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။
မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့အားလုံး မျှော်မှန်း တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေများကို ​လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး သမားများ၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးရဲ့ အသိတရားနဲ့ယှစဉ် သတိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြား လိုပါတယ်။
ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အဖွဲ့အစည်း အားလုံးတို့က လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် မြန်မာဇာတ်ကားသုံးကား ပြသရန်စီစဉ်



e7361
အာဒမ် ရယ်ဧ၀ရယ် ဒသရယ် ဇာတ်ကားမှ ဇာတ်ဝင်ခန်း
စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် မြန်မာ ဇာတ်ကားသုံးကား ပြသရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဇွန်လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရှိရ သည်။
‘‘စင်ကာပူနိုင်ငံမှာ မြန်မာရုပ်ရှင်ပွဲတော် ပြုလုပ်ဖို့ ကမ်းလှမ်းထားပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ နိုင်ငံတကာ ဆက်သွယ်ရေးအဖွဲ့နဲ့ ဆက်သွယ်ကမ်းလှမ်းလာတာပါ။ ကျွန်တော်တို့အနေနဲ့လည်း မြန်မာ ဇာတ်ကားတွေကို နိုင်ငံတကာ အထိကျယ်ပြန့်စေလိုတဲ့ ဆန္ဒအပြည့်အ၀ ရှိသလို စင်ကာပူလိုမြန်မာတွေ အများအပြားရှိတဲ့ နိုင်ငံမျိုးမှာ လုပ်ခွင့်ရမှာ ဖြစ်တဲ့အတွက်ပိုပြီး စိတ်ဝင်စားပါတယ်။ ဘယ်နှရက်လုပ်မယ်၊ ဘယ်နှပွဲပြမယ် ဆိုတာကတော့ အခုမှ ညှိနှိုင်းဆွေးနွေးနေကြတုန်းပါပဲ။ ပြမယ့် ဇာတ်ကားတွေကိုတော့ အကြမ်းဖျင်းရွေး ချယ်ထားပါပြီ’’ ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ နိုင်ငံတကာ ဆက်သွယ်ရေးအဖွဲ့မှ ဦးဝင်းကြည်က ရှင်းပြခဲ့သည်။
ထို့အပြင် ဒါရိုက်တာဝိုင်း က လည်း ‘‘အခုချိန်မှာနိုင်ငံတကာ ကို သွားဖို့ဆိုတဲ့ကိစ္စက ကဏ္ဍတိုင်း အတွက် အရေးကြီးနေပါပြီ။ ကျွန်တော်တို့ အနုပညာရှင်တွေအနေနဲ့လည်း ဒီလိုအချိန်မျိုးမှာ မျက်စိဖွင့် နားစွင့်ပြီး ကိုယ့်ဘက်ကပြင်ဆင်နိုင်တဲ့ အတိုင်းအတာကို အစွမ်းကုန်ပြင်ဆင်ကြရမှာပါ။ အခုကျွန်တော် တို့တွေ နိုင်ငံတကာကိုသွားပြီး လေ့လာမှုတွေလုပ်မယ်၊ အားလုံးပေါင်းစည်းပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ Workshop တွေ လုပ်ရပါမယ်။ အခုလို ရုပ်ရှင်ပွဲတော်တွေ လုပ်ဖို့ဆိုတာလည်း လိုအပ်တဲ့ အချက်တစ်ခုပါပဲ’’ ဟု သူ၏အမြင်အား ပြောပြခဲ့သည်။
စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့ ပါဝင်သည့် ‘အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’ဇာတ်ကား၊ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးပြီး သရုပ်ဆောင်ပြေတီဦး၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်တို့ပါဝင်သည့် ‘ကျွန်တော့်ယောက္ခမနှင့်သူ၏ ဗိုင်းရပ်စ်များ’၊ ဒါရိုက်တာခင်စောမျိုး ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ နေအောင်၊ မေသန်းနု၊ သက်မွန်မြင့်၊ လှအဉ္ဇလီတင့်တို့ပါဝင်သည့် ‘အမေ့ ကျေးဇူးဆပ်ဖူးချင်တယ်’ စသည့် ဇာတ်ကားသုံးကားအား ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းဇာတ်ကားများအနက် ‘အာဒမ်ရယ် ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကား မှာ စင်ကာပူနိုင်ငံ၌ တစ်ကြိမ်ပြသခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 တီယန်မင် အရေးအခင်းတွင် ထင်ရှားသော တရုတ်အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတစ်ဦး ဆေးရုံ၌ စောင့်ကြည့်ခံနေရစဉ်အတွင်း ကြိုးဆွဲချ သေဆုံးနေသည်ဟု အစိုးရက ထုတ်ပြန်

လီဝမ်ယန်ပိုစတာဘေးတွင် လူတစ်ဦးက မျက်စိမှိတ်၍ ဇွန်လ ၈ ရက်က အစာငတ်ခံ ဆန္ဒပြနေစဉ် Photo: AFP
တရုတ်တွင် ထင်ရှားသော အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် လီဝမ်ယန်သည် ဆေးရုံတွင် ဇွန်လ ၆ ရက်နေ့က ကြိုးဆွဲချ သေဆုံးနေသည်ဟု အစိုးရက ထုတ်ပြန်ခဲ့ရာ ယင်းကဲ့သို့ ထုတ်ပြန်မှုမှာ 'စော်ကားမှု' ၊ 'လက်သင့်ခံစရာ မကောင်းသော အဓိပ္ပာယ်မဲ့မှု' ဟု လီ၏ သူငယ်ချင်းများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ လီသည် ဟူနန်ပြည်နယ်၊ Shaoyang ရှိ Daxiang ခရိုင်ဆေးရုံတွင် တက်ရောက်နေခြင်း ဖြစ်သည်။

အလုပ်သမား အခွင့်အရေးအတွက် ကာလရှည်ကြာ လှုပ်ရှားလာခဲ့သော လီမသေဆုံးမီ သွားရောက်တွေ့ဆုံခဲ့သည့် ဟွမ်လီဟောင်က လီဝမ်ယန်သည် စိတ်ဓာတ်ကောင်းမွန်သူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့်ပုံစံ လုံးဝမရှိခဲ့ကြောင်း၊ မိမိ၏ ရေဒီယိုကိုပင် နားထောင်ခဲ့ပြီး ယင်းကဲ့သို့ ရေဒီယိုတစ် လုံးဝယ်ပေးရန် သူ၏ညီမကို ပြောခဲ့သေးကြောင်း ပြောကြားခဲ့သည်။

လီမှာ ၁၉၈၉ ခုနှစ် တီယန်မင် အရေးအခင်းအပြီးတွင် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခံရပြီးနောက် မျက်မမြင်၊ နားမကြားဖြစ်ကာ လမ်းလျောက်ရာ၌ အခက်အခဲဖြစ်ခဲ့ကြောင်းလည်း သိရသည်။ လီသည် တီယန်မင် အရေးအခင်းအပြီး အလုပ်သမားများကို ဆန္ဒပြရန် တိုက်တွန်းခဲ့ သဖြင့် ထောင်ချခံရခြင်းဖြစ်ကြောင်း တရုတ်လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့ HRIC  က ထုတ်ပြန်ခဲ့သည်။

ထောင် ၁၁ နှစ် ကျခံရပြီးနောက်၂၀၀၀ ပြည့်နှစ်တွင် ပြန်လွတ်လာကာ ထောင်တွင်း နှိပ်စက်ခံရမှုများကြောင့် ဆေးကုသမှုစရိတ်များပေးရန် Shaoyang တာဝန်ရှိသူများထံ တောင်းဆိုမှုပြုလုပ်ရာမှ ၂၀၀၁ ခုနှစ်တွင် ထပ်မံဖမ်းဆီးခံရသည်။ တာဝန်ရှိသူများက ဆေးဖိုးမပေးဘဲ စွဲ ချက်သစ်များ ထပ်မံစွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း HRIC က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်၊ မေလတွင် ပြန်လွတ်လာပြီး သူတက်နေသည့်ဆေးရုံတွင် အချိန်တိုင်း စောင့်ကြည့်ခံနေရကြောင်း သူ၏ မိသားစုဝင်များက ပြောကြားခဲ့သည်။

လီသည် အားနည်းနေသူဖြစ်ပြီး ဆေးရုံ ဒုတိယအလွှာမှနေ၍ အကူမပါဘဲ ဆင်းနိုင်သူမဟုတ်ကြောင်း သူငယ်ချင်းတစ်ဦးဖြစ်သူ Zhou Zhirong က ပြောကြားခဲ့သည်။
''သူ ဒီလိုမျိုးသေတယ်လို့ ပြောတာ စော်ကားလိုက်တာပဲ။ လီဝမ်ယန် ကျွန်တော့်ကိုရော၊ အခြားသူတွေကိုရော အကြိမ်ကြိမ်ပြောဖူးတယ်။ သူသေတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ ဘယ်တော့မှ လက်မလျော့ဘူးလို့ ပြောထားတယ်။ သူ ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ ရဲကပြောတာကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ တစ်ယောက်ယောက် သတ်သွားတာ'' ဟု ဟွမ်လီဟောင်က ပြောကြားခဲ့သည်။

လီ ကိုယ့်ကိုယ်ကို သတ်သေပြီးနောက် ဆေးရုံဝန်ထမ်းတစ်ဦးက ဇွန်လ ၆ ရက်၊ နံနက် ၆ နာရီ ကျော်တွင် မိမိတို့ကို ဖုန်းဆက်ခဲ့ကြောင်း လီ၏ယောက်ဖ Zhou Zhirong က HRIC သို့ ပြောကြားခဲ့သည်။

လီ၏ယောက်ဖနှင့် ညီမတို့၏ ဖုန်းများကိုဆက်ကြည့်ရာ မရသဖြင့် သူတို့နှစ်ဦးမှာ လီသေဆုံးသည့် ဆေးရုံအနီး ဟိုတယ်တစ်ခုတွင် ထိန်းသိမ်းခံရဖွယ်ရှိသည်ဟု လီ၏သူငယ်ချင်းများက ယုံကြည်နေသည်။
လီသေဆုံးပြီး နာရီပိုင်းအကြာတွင် ယင်းသေဆုံးမှုကို ယင်းပြည်နယ်မှပြင်ပမှ တာဝန်ရှိသူများက စုံ စမ်းစစ်ဆေးပြီး ရလဒ်များ ထုတ်ပြန်ပေးရန် အွန်လိုင်းပေါ်မှ တောင်းဆိုမှုအား ဟောင်ကောင်အခြေစိုက် ဂျာနယ်လစ်ပေဖန်း၊ တရုတ်စီးပွားရေးပညာရှင် ကျားယီလျန်၊ စာပေပညာ ရှင်ဝူရင်ဟွာတို့က စတင်ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ပြုလုပ်ပြီး ခဏအတွင်း လူ ၂၀၀၀ ကျော် ပါဝင်လာခဲ့သည်။                 
Ref:CNN

သမ္မတဟောင်းအာရိုယိုအား ထောင်ထဲတွင် ထားသင့်သည်ဟု ဖိလစ်ပိုင်သမ္မတ အကွီနို ပြောကြား


ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယို မနီလာမြို့ရှိ စစ်ဌာနချုပ်တွင် ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်က မိန့်ခွန်း ပြောကြားစဉ် Photo: AFP
ခြစားမှုနှင့် ရွေးကောက်ပွဲတွင် မဲမသမာမှု စွဲချက်များအတွက် ရုံးတင်စစ်ဆေးမှုကို စောင့်ဆိုင်းနေစဉ် ကာလအတွင်း ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာအာရိုယိုသည် ဆေးရုံတစ်ခု၏ အခန်းတွင်ရှိခြင်းထက် ထောင်ထဲတွင်ရှိသင့်သည်ဟု သမ္မတ ဘင်နစ်နိုအကွီနိုက ဇွန်လ ၇ ရက် နေ့တွင် ပြောကြားခဲ့သည်။

အာရိုယို အမှန်တကယ် နာမကျန်းဖြစ်နေခြင်း ရှိ၊ မရှိကို သမ္မတ ဘင်နစ်နိုအကွီနို၏ ပြောခွင့်ရပုဂ္ဂိုလ် Edwin Lacierda က စစ်ဆေးခဲ့ပြီး သူမ၏ အခြေအနေအား သုံးသပ်ရန်အတွက် ဆရာဝန်များကို တိုက်တွန်းခဲ့သည်။

''ကျန်းကျန်းမာမာ ရှိနေတယ်ဆိုရင် သူမကို ထောင်တစ်ခုမှာ ထားသင့်ပါတယ်။ ဟန်ဆောင် နာမကျန်းမှု အကြောင်းတစ်ခုအနေနဲ့ ဆေးရုံမှာ ဖမ်းဆီးမှုကို မလုပ်သင့်ပါဘူး''ဟု Lacierda က ABS-CBN  ရုပ်သံသို့ ပြောကြားခဲ့သည်။

အာရိုယိုသည် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲအတွင်း မဲမသမာမှုပြုမှုနှင့် သမ္မတအဖြစ်ထမ်းဆောင် စဉ်အတွင်း ခြစားခဲ့မှုများ စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အာရိုယိုကမူ အဆိုပါပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။
အသက် ၆၅ နှစ်အရွယ်ရှိ အာရိုယိုကို အာမခံပေးရန်အတွက် တရားရုံးက ငြင်းဆိုခဲ့သော်လည်း သူမ၏ ကျောရိုးရောဂါကုသရန်အတွက် ဆေးရုံတွင် နေထိုင်ရန် ခွင့်ပြုခဲ့သည်။

Ref: AFP

 ပါကစ္စတန်က နျူထိပ်ဖူးတပ်ဒုံးကျည် ငါးကြိမ်မြောက် စမ်းသပ်ပစ်လွှတ်


ပါကစ္စတန်သည် ဇွန်လ ၅ ရက်နေ့က နျူကလီးယားထိပ်ဖူး တပ်ဆင်ထားသော တာဝေးပစ် ဒုံးကျည်သစ်တစ်မျိုးအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယက တာဝေးပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် သီတင်းပတ် ခြောက်ပတ်အတွင်း ပါကစ္စတန်က တာဝေးပစ် ဒုံးကျည်ပစ်လွှတ်မှုကို ယခုအကြိမ်ပါဆိုလျှင် ငါးကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ငါးကြိမ်မြောက်ပစ်လွှတ်ခဲ့သော နျူထိပ်ဖူးတပ် တာဝေးပစ်ဒုံးကျည် Hatf VII မှာ ခရုဇ်ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၇၀၀ (မိုင် ၄၄၀) အထိရောက်အောင် ပစ်လွှတ်နိုင်ကာ သမားရိုးကျလက်နက်များကိုလည်း တပ်ဆင်ပစ်ခတ်နိုင်ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့ သည်။

ယင်းခရုဇ်ဒုံးကျည်သည် စွမ်းဆောင်ရည်မြင့်မားပြီး မြေပြင်မှ အနိမ့်ပျံသန်းနိုင်စွမ်းရှိကာ ပစ်မှတ် အလွန်တိကျခြင်းနှင့် ရေဒါများပေါ်တွင် မပေါ်နိုင်ခြင်းစသည့် စွမ်းဆောင်ရည်များရှိကြောင်း သိရသည်။

အိန္ဒိယသည်  ၎င်း၏ ပြိုင်ဘက် တရုတ်နိုင်ငံ၏ မည်သည့်နေရာကိုမဆို ရောက်အောင်ပစ်လွှတ်နိုင်သော တစ်တန်အလေးချိန်ရှိ နျူကလီးယား ထိပ်ဖူးတပ် Agni V  အမည်ရတာ ဝေးပစ်ဒုံးကျည်တစ်ခုအား ဧပြီလ ၂၀ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ် လွှတ်နိုင်ခဲ့ရာ ၎င်းတို့စစ်တပ်၏ နည်းပညာမြင့်မားလာမှုကို ပြသနိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီးနောက်ပိုင်း ဧပြီလ ၂၅ ရက်မှစ၍ ပါကစ္စတန်သည် နျူထိပ်ဖူးတပ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရသည့် ၁၉၄၇ ခုနှစ်နောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်သည် စစ်ပွဲ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ၁၉၉၈ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံစလုံးက နျူကလီးယား ဒုံးကျည်များ၊ လက်နက်များ ပစ်လွှတ်စမ်းသပ်မှုများကို အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံသည် အိမ်နီးချင်းအိန္ဒိယနှင့် ပြိုင်ဆိုင်ရန်သာ အဓိက စိတ်အားထက်သန်လျက်ရှိသော်လည်း အိန္ဒိယနိုင်ငံမှာမူ ကမ္ဘာ့စင်မြင့်တွင် သြဇာကြီးမားလာသော တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် အရေးပါမှုများကိုသာ အဓိကထား အာရုံစိုက်လာကြောင်း ကာကွယ်ရေး သုတေသီများက  သုံးသပ်ခဲ့ကြ သည်။
Ref:AFP

 အီဂျစ် အခြေခံဥပဒေသစ် ရေးဆွဲမည့်အဖွဲ့ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ သဘောတူညီမှု ရရှိ

ကိုင်ရိုမြို့ရှိ တဟီရာရင်ပြင်တွင် 'တော်လှန်ရေး အဆုံးမသတ်သေး' ဟု အဓိပ္ပာယ်ရသော စာသားကို အာရပ်ဘာသာဖြင့် ရေးသားထားမှုအား ဇွန်လ ၇ ရက်က တွေ့ရစဉ် Photo:AFP
အီဂျစ်အခြေခံဥပဒေသစ် ရေးဆွဲမည့်အဖွဲ့ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အီဂျစ် နိုင်ငံရေးပါတီများအကြား သဘောတူညီမှု ရခဲ့သဖြင့် သီတင်းပတ်များစွာ လိပ်ခဲတည်းလည်းဖြစ်မှု အဆုံးသတ်သွားခဲ့သည်။

ပါတီ ၂၂ ခုမှ ကိုယ်စားလှယ်များနှင့် အီဂျစ်စစ်ဘက်ကောင်စီ ဥက္ကဋ္ဌ ဟူစိန်တန်တာဝီတို့အကြား ဆွေးနွေးပြီးနောက် သဘောတူညီချက် ရခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းအဖွဲ့တွင် လွှတ်တော်တက်နေသူများလည်း ပါဝင်နိုင်ပြီး လာမည့်သီတင်းပတ်၌ ရွေးချယ်ဖွယ် ရှိကြောင်း သိရသည်။

ယခင်ဖွဲ့စည်းခဲ့သော အဖွဲ့တွင် အစ္စလာမ်မစ်ဝါဒီများသာ လွှမ်းမိုးနေသည်ဟုဆိုကာ လစ်ဘရယ်ဝါဒီများနှင့် လောကီသီးသန့်ဝါဒီများက ကန့်ကွက်ခဲ့ပြီးနောက် ယင်းအဖွဲ့ကို ဧပြီ လ ၁၀ ရက်တွင် ဖျက်သိမ်းခဲ့သည်။

ထပ်မံဖွဲ့စည်းမည့်အဖွဲ့တွင် နိုင် ငံရေးသမားများ၊ စစ်တပ်အဖွဲ့ဝင်များ၊ ရဲ၊ တရားရေး၊ ကုန်သွယ်ရေး သမဂ္ဂ၊ မွတ်ဆလင်နှင့် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ စသည်ဖြင့် အဖွဲ့ဝင် ၁၀၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခြေခံဥပဒေသစ်ရေးဆွဲမည့် အဖွဲ့ကို ၄၈ နာရီအတွင်း အပြီးဖွဲ့ စည်းရန် စစ်ဘက်ကောင်စီက ဇွန်လ ၅ ရက်တွင် ရာဇသံပေးခဲ့ပြီးနောက် ယခုကဲ့သို့သဘောတူညီမှုရခဲ့ခြင်းဖြစ် သည်။

အဖွဲ့ဝင် ၁၀၀ အနက် ၃၉ နေ ရာကို အစ္စလာမ်မစ်ပါတီများ လွှမ်းမိုးထားသော အောက်လွှတ်တော်မှ အမတ်များအား ရွေးချယ်ဖွယ်ရှိပြီး ခြောက်နေရာကို တရားသူကြီးများ၊ ကိုးနေရာကို ဥပဒေကျွမ်းကျင် ပညာရှင်များ၊ စစ်တပ်၊ ရဲနှင့် တရားရေးဌာနတို့အတွက် တစ်နေရာစီ၊ သမဂ္ဂ များအတွက် ၁၃ နေရာ၊ သြဇာလွှမ်းမိုးမှုရှိသူများအတွက် ၂၁ နေရာ လျာထားကြောင်း ဆွေးနွေးပွဲတက်ရောက်သော ကိုယ်စားလှယ်များကို ကိုးကား၍ အေအက်ဖ်ပီက ဖော်ပြခဲ့သည်။ အခြေခံဥပဒေဟောင်းကို သမ္မတဟောင်း ဟိုစနီမူဘာရက် ရာထူးဆင်းပေးခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် တွင် ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

Ref: BBC

 ဆီးရီးယားအရေး ဖြေရှင်းရာတွင် ကုလသမဂ္ဂ ပဋိညာဉ်ပါ အခန်း ၇ မှာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေကြောင်း ဟီလာရီကလင်တန် ပြောကြား

Houla မြို့တွင် အမြောက်ဒဏ်ခံရသော အိမ်ထဲမှ ကလေးတစ်ဦးက အောင်ပွဲခံသဏ္ဌာန် လုပ်ပြနေစဉ် Photo: AFP
ဆီးရီးယား နိုင်ငံရေးပဋိပက္ခ ဖြေရှင်းရာတွင် ကုလသမဂ္ဂ ပဋိညာဉ်တွင်ပါသော အခန်း ၇ မှာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦးက ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့သည်။

ကုလ ပဋိညာဉ်ပါ အခန်း ၇ အရ ကုလလုံခြုံရေးကောင်စီက အထူးဆုံ ဖြတ်ချက်ချနိုင်ရေးအတွက် လိုအပ်သော အရေးယူ လုပ်ဆောင်မှုအားလုံး ပြုလုပ်ရန် ကုလအဖွဲ့ဝင်နိုင်ငံများအား လုပ်ပိုင်ခွင့်ပေးထားပြီး အချို့ဖြစ်စဉ်များတွင် စစ်ရေးနည်းလမ်းကိုပါ အသုံးပြုခွင့်ပေးထားသည်။

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အစိုးရအနေဖြင့် အာဏာအလုံးစုံ လွှဲပေးရေး တောင်းဆိုထားသည့် မဟာဗျူဟာတစ်ခုကို ဟီလာရီက တူရကီတွင်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ထုတ်ပြန်ခဲ့သည်။ ''စစ်မှန်တဲ့ အပြောင်းအလဲ လိုအပ်နေတဲ့ ဆီးရီးယားပြည်သူတွေရဲ့ ယုံကြည်မှုကို ချိုးဖျက်လို့ မရဘူး''ဟု ဥရောပနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများပါဝင်သော ဆွေးနွေးပွဲတွင် ဟီလာရီက ပြောကြားခဲ့သည်။
ဆီးရီးယားကို ပြည်ပမှစစ်ရေး စွက်ဖက်မှုနှင့် အစိုးရအပြောင်းအလဲ ပြုလုပ်ရေးမူဝါဒများကို ကန့်ကွက်ကြောင်း ရုရှားနှင့် တရုတ်က ဇွန်လ ၆ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ ဆီးရီးယားအရေး ဆွေးနွေးရန် အီရန်ပါဝင်သော နိုင်ငံတကာ ကွန်ဖရင့်တစ်ခုပြုလုပ်ရန် ရုရှားက အဆိုပြုခဲ့သည်။

ပြည်သူများကို တိုက်ခိုက်နေသော အာဆတ်အစိုးရအား ကူညီပေးနေသည့်နိုင်ငံ (အီရန်) အား ဆွေးနွေးပွဲသို့ ဖိတ်ကြားရန်မှာ စဉ်းစားရန်ပင် ခက်ခဲကြောင်း ဟီလာရီက ပြောကြားခဲ့သည်။

Ref:AFP

စစ်ပွဲကို ကြောက်ရွံ့သူများမဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ မာယင်ကျိုးပြောကြား

ထိုင်ဝမ်သည် တရုတ်ပြည်မကြီးနှင့် စစ်ပွဲဖြစ်ပွားရန် ကြိုးပမ်းမည် မဟုတ်သလို စစ်ပွဲကို ကြောက်ရွံ့သူများလည်းမဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ မာယင်ကျိုးက ဇွန်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပြိုင်ဘက်တရုတ်နှင့် ပတ်သက်ပြီး သဘောထားပျော့ပျောင်းမှုအတွက် ဝေဖန်ခံခဲ့ရသည့် သမ္မတမာက ကျွန်းတောင်ပိုင်းတွင် ပြုလုပ်သည့် လေယာဉ်၊ တင့်ကား၊ စစ်သင်္ဘောများနှင့် စစ်သား ၁၀၀၀ ကျော်ပါဝင်သော သရုပ်ပြ စစ်ရေးလေ့ကျင့်မှုတစ်ခု၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''စစ်ပွဲဖြစ်ဖို့ ကျွန်တော်တို့ မကြိုးစားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စစ်ကို မကြောက်ပါဘူး''ဟု ထိုင်ဝမ်၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု နေရာတစ်ခုဖြစ်သော Mount Paoli တွင် ကျင်းပခဲ့သည့် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုရန် ဖိတ်ကြားထားသူများနှင့် သတင်းထောက်များကို မာက ပြောကြားခဲ့သည်။

Lien Yung (သို့မဟုတ်)Joint Endeavour ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်၏ အနောက်ဘက်ကမ်းခြေကို တရုတ်တပ်များ တိုက်ခိုက်သိမ်းယူသည့်သဏ္ဌာန် ဖန်တီးထားသည့် လေ့ကျင့်မှုဖြစ်သည်။ F 16 တိုက်လေယာဉ်များ၊ AH-1W Super Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် Javlin ဒုံးကျည်ဖျက် တင့်ကားများ အကူအညီဖြင့် ထိုင်ဝမ်ခြေလျင်တပ်ဖွဲ့များ နေရာယူထားသည့်အသွင်ဖြင့် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

မာသည် တရုတ်နှင့် အထူးသဖြင့် စီးပွားရေး၊ ခရီးသွားကဏ္ဍ တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ရင်းနှီးသည့် ဆက်ဆံမှုများရှိသူအဖြစ် ထင်မြင်ခံခဲ့ရသည်။
Ref:AFP

တရုတ်တည်ဆောက်ပေးသည့် ဆိပ်ကမ်းသစ်အား သီရိလင်္ကာ စတင်ဖွင့်လှစ်


သီရိလင်္ကာရှိ တရုတ်တည်ဆောက်ပေးခဲ့သော ဟမ်ဘမ်တိုတာဆိပ်ကမ်းတွင် သင်္ဘောများ ဆိုက်ကပ်ထားသည်ကို ဇွန်လ ၆ ရက်က တွေ့ရစဉ်
သီရိလင်္ကာအတွက် တရုတ် တည်ဆောက်ပေးသည့် ပထမဆုံး ရေနက်ဆိပ်ကမ်းကို အိန္ဒိယမှ သယ်ဆောင်လာသော ကား ၁၀၀၀ စတင် ရောက်ရှိလာခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျသည့် အဆိုပါ ရေနက်ဆိပ်ကမ်းသည် တောင်အာရှတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြင့်မားစွာ ရှိနေခြင်းကို ထင်ရှားစေခဲ့သည့် သင်္ကေတတစ်ရပ် ဖြစ်သည်။ သီရိလင်္ကာသမ္မတ မဟိန္ဒြာရာဇာပက်ဆာ၏ မဲဆန္ဒနယ် ဟမ်ဘမ်တိုတာမြို့ တောင်ပိုင်းတွင် တည်ဆောက်ထားသည့် ယင်းဆိပ်ကမ်းသည် နေ့စဉ် နိုင်ငံတကာကုန်တင်သင်္ဘော ၂၀၀ မှ ၃၀၀ အကြား အသုံးပြုနိုင်မည်ဖြစ်သည်။ အာရှတွင် ကုန်တင်သင်္ဘောများအတွက် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်သစ်တစ်ခု ဖန်တီးရန် ရည်ရွယ်ခဲ့သော ထိုစီမံကိန်းသည် ဖွင့်လှစ်ရန် တစ်နှစ်ကြာ နှောင့်နှေးခဲ့သည်။

၂၀၀၅ ခုနှစ်က ရာဇာပက်ဆာ သမ္မတဖြစ်လာခဲ့ပြီး မကြာမီ ဆိပ်ကမ်းတည်ဆောက်ရန် အိန္ဒိယအစိုးရက ကမ်းလှမ်းခဲ့သော်လည်း သီရိလင်္ကာက စီးပွားရေးအကျိုးအမြတ် မထိုက်တန်သောကြောင့်ဟုဆိုကာ ပယ်ချခဲ့သည်။ အိန္ဒိယက သီရိလင်္ကာသည် ၎င်း၏ လွှမ်းမိုးမှု ရပ်ဝန်းအတွင်းရှိ နေသည်ဟု ရှုမြင်ထားပြီး တရုတ်က အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများတွင် ခြေကုပ်ရယူလာခြင်းကို စိုးရိမ်နေသည်။

တရုတ်သည် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ချေးငွေထုတ်ပေးခဲ့ပြီး တရုတ်အင်ဂျင်နီယာ အလုပ်သမားများက တည်ဆောက်ရေးကို ဦးဆောင်ခဲ့ကြသည်။ သို့သော်ဆိပ်ကမ်းကို စီမံခန့်ခွဲရန်အတွက် သီရိလင်္ကာကို အခွင့်အရေး ပေးခဲ့သည်။

သီရိလင်္ကာမြို့တော် ကိုလံဘို၏ တောင်ဘက်မိုင် ၁၅၀ တွင်ရှိသော ဟမ်ဘမ်တိုတာ ဆိပ်ကမ်းသည် ငါးနှစ်အတွင်း ကားတစ်သန်းထိ အတင်အချ ဆောင်ရွက်ပေးနိုင်သည့် ဆိပ်ကမ်းဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း ဆိပ်ကမ်းအာဏာပိုင်ဥက္ကဋ္ဌ ပရီယက်ဝီကရာမက ပြော ကြားခဲ့သည်။

တရုတ်သည် ကိုလံဘိုတွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပြီး လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း သီရိလင်္ကာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀ ဘီလျံထိရှိလာမည်ဟု သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: AFP

 ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ ရန်ကုန်မြို့သို့ တိုက်ရိုက် လေကြောင်းခရီးစဉ်ကို All Nippon Airlways က တစ်ပတ်လျှင် သုံးကြိမ်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလခန့်မှ စတင်ပျံသန်းရန် စီစဉ်



7368
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာလေဆိပ်ကို တွေ့ရစဉ်
ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့အကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို All Nippon Airlways မှ တစ်ပတ်လျှင် သုံးကြိမ်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလခန့် အစောဆုံးထားကာ စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း အဆိုပါလေကြောင်းလိုင်းမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
All Nippon Airways (ANA) Co.,Ltd  မှ Senior Executive Vice President, Mr. Hayao HORA ဦး ဆောင်သောအဖွဲ့ဝင်ရှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က လာရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုသော ဂျပန်ခရီးသွားများသည် လက်ရှိတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တစ်ဆင့် လာရောက်ကြရပြီး အချိန် ၁၅ နာရီခန့်ပေးရကြောင်း၊ ယခုစီစဉ်သည့်ခရီးစဉ်မှာ တိုက်ရိုက်ခရီးစဉ်ဖြစ်သဖြင့် အချိန်ခြောက်နာရီခန့်သာ ကြာမြင့်မည်ဖြစ်၍ အချိန် ကိုးနာရီခန့် သက်သာမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အာဆီယံ-ဂျပန်စင်တာ၏အကူအညီဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးမှုများ၊ ဈေးကွက် မြှင့်တင်မှု အစီအစဉ်များ ဆောင်ရွက်နေကြောင်း၊ တိုကျိုမြို့ရှိ နာရီတာ လေဆိပ်မှ ရန်ကုန်သို့တိုက်ရိုက် လေကြောင်းပျံသန်းခြင်းဖြင့် ဂျပန်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်နိုင်မည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြန်လည်ဆွေးနွေးခဲ့သည် ဟု သိရှိရသည်။
All Nippon Airways သည် ၁၉၉၆ ခုနှစ် ဇူလိုင်လမှ ၂၀၀၀ ပြည့်နှစ် မတ်လအထိ ဂျပန်နိုင်ငံ အိုဆာကာနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်ပျံသန်း ပြေးဆွဲခဲ့သည်။
“တိုက်ရိုက်လေကြောင်းခရီး စဉ်ရှိလာခြင်းက အလွန်ကောင်းတာပေါ့။ အခုဆိုဗီဇာကလည်း ဖြေလျှော့ လိုက်ပြီ။ ဂျပန်က အခုစီးပွားရေးပိုင်း ပူးပေါင်းဆောင်ရွက်ဖို့ လာတာများတယ်။ ခရီးသွားလည်း ၀င်ပါတယ်။ ဒီလိုတိုက်ရိုက်လေကြောင်း ရှိလာတာက အလည်အပတ်ခရီးသွားရော စီးပွားရေးအရလာတဲ့ ခရီးသွားတွေကို ပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်” ဟု ဂျပန်ခရီးသွားများနှင့် ဆက်စပ်လျက်လုပ်ငန်း ဆောင်ရွက်နေသည့် ခရီးသွားလုပ်ငန်းရှင် ဦးအောင်ဒင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းသည် ၁၉၉၆ ခုနှစ်က အတိုးတက်ဆုံး အနေအထားကို ကြုံတွေ့ခဲ့ရပြီး ယင်းနောက်ပိုင်း၌ လုပ်ငန်းပိုင်းဆိုင်ရာ အတက်အကျများမှုကို ကြုံတွေ့ခဲ့ရကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင် ကာ ခရီးသွားလုပ်ငန်း တိုးတက်လာသည့်အတွက် ယခုနှစ်အတွင်း ဟို တယ်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ လေကြောင်းလိုင်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နိုင်ငံတကာမှ စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။

 ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရန် ထုတ်ပြန်


ဇွန်လ ၁၀ ရက်နေ့ ညနေ ၄ နာရီက စစ်တွေမြို့နယ် မြို့သူကြီးရပ်ကွက်နှင့် တရားသီးစု ရပ်ကွက်၌ မီးလောင်ကျွမ်းနေစဉ်
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရန် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည်။
စစ်တွေမြို့နယ် မင်းဂံရပ်ကွက်အနီး လုံခြုံတာဝန်ကျသူတစ်ဦးနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၂)ကို ၂၀၁၂ ခုနှစ် ဇွန်လ၁၀ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် 'ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်' ဟု ဖော်ပြပါရှိသည်။
rakhine_1
စစ်တွေမြို့အတွင်း မီးလောင်မှုအား ၀ိုင်းဝန်းငြှိမ်းသတ်နေသည့် ဒေသခံများ
စစ်တွေမြို့အတွင်း ဇွန်လ ၁၀ ရက်နေ့ ဇွန်လ ၁၀ ရက်နေ့၌ နံနက်ပိုင်းမှ ညပိုင်းအထိ မီးလောင်မှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင်  မင်းဂံအကွက်(၁)အနီးတွင် လည်းကောင်း၊ နံနက် ၈ နာရီခန့်တွင် အကွက် ၁၃ အနီးနှင့်အကွက် ၁၄ တို့တွင် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်၌ ရွှေပြားရပ်ကွက်တွင် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မကျဉ်းမြိုင်ရပ်ကွက်နှင့် စံပြရပ်ကွက်တို့တွင်လည်းကောင်း၊ ညနေ(၄း၀၀)ခန့်တွင် မြို့သူကြီးရပ်ကွက်နှင့် တရားသိစုရပ်ကွက် ရပ်ကွက်နှစ်ခု အစပ်တွင်)တို့တွင်လည်းကောင်း အသီးသီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
rakhine_1
ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့အတွင်း မီးလောင်မှုအား ငြှိမ်းသတ်နေစဉ်
မီးလောင်ဖြစ်စဉ်များအနက် မြို့သူကြီးရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို ညခြောက်နာရီခွဲအချိန်ထိ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။ ထို့အတူ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရှို့မီးဟု ရပ်ကွက်နေ ပြည်သူအများစုမှာ ယူဆနေကြပြီး ကျူးလွန်သူဟု ယူဆနေရသူကို လည်း ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
rakhine_1
ဇွန်လ ၁၀ရက်က နေအိမ်မှ စွန့်ခွာလာသော စစ်တွေမြို့ခံ မိသားစုတစ်စု

ယင်းကဲ့သို့ မီးလောင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကလည်း''အခု မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အများစုက ရပ်ကွက်ထဲမှာရှိတဲ့ လူမျိုးခြားတွေက သူတို့အိမ်တွေကို သူတို့ကိုယ်တိုင် မီးရှို့ပြီး ရှောင်တိမ်းသွားတယ်။ ပြီးတော့ အဲဒီ အိမ်တွေကတစ်ဆင့် ကျွန်တော်တို့ ဒေသခံအိမ်တွေကို ကူးစက်ပြီး လောင်ကျွမ်းခဲ့တာပါ။ ညနေက မြို့သူကြီးရပ်ကွက်မှာ မီးလောင်ကျွမ်းခဲ့တဲ့ အကြောင်းကလည်း ရှို့မီးပဲဖြစ်ပါတယ်။ မီးလောင်ပြီး သိပ်မကြာခင်မှာ မြစ်ထဲကို လူမျိုးခြားသုံးဦး ခုန်ဆင်း ရေကူးပြီးထွက်သွားလို့ အဲဒီနားက လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ကိုမိုးပေါ်ထောင်ပြီး ခြောက်လှန့်ခဲ့တဲ့ အတွက် အဲဒီ သုံးဦးထဲက တစ်ဦးကို ဒေသခံတွေက ရေထဲဆင်းဖမ်းပြီးတော့ ရဲစခန်းကို အပ်နှံခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ကြောင့် အိမ်အများအပြား ဆုံးရှုံးခဲ့ရပြီး ဒါဏ်ရာရရှိသူများ ရှိခဲ့သည်။ လတ်တလောဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ကို ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီ၌ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
rakhine_1

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် စစ်တွေမြို့၌ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
rakhine_1

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင်  ၂၀၁၂ ဇွန်လ ၈ရက်နေ့တွင် ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး စစ်တွေမြို့တွင်လည်း ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အတွက် အဆိုပါအမိန့်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
rakhine_1
နေအိမ်မီးလောင်ခံခဲ့ရသဖြင့် ပစ္စည်းများ သယ်ဆောင်လာသူတစ်ဦး
ယင်းအမိန့် ထုတ်ပြန်မှုကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ အချိန်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း၌ လိုက်လံ ကြေညာခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောမြို့နယ် ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့၌ ယခု လက်ရှိရက်ပိုင်း၌ ဖြစ်ပွားလျက်ရှိသော ပြဿနာများနှင့်ပတ်သက်၍ ထိန်းသိမ်းရန် လုံခြုံရေးအင်အားကို အပြည့်အ၀ ချထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ရဲတပ်ရင်းစု ကွပ်ကဲရေးမှူးဖြစ်သူ ရဲမှူးကြီးလှမိုးက ''နှစ်ဖက် အပြန်အလှန် ပြဿနာဖြစ်နေတဲ့ အနေအထားတွေကို မြန်မြန်ဆန်ဆန်နဲ့ ငြိမ်းချမ်းဖို့အတွက် လုံလောက်တဲ့ လုံခြုံရေးအင်အားကို ချထားပါတယ်။ အခုဒေသခံတွေ တချို့က လုံခြုံရေး တာဝန်ရှိသူတွေက ကိုင်တွယ်တဲ့အပိုင်းတွေ အလွန်ပျော့ပျောင်းနေတယ်လို့ ပြောဆိုနေတဲ့အပိုင်းကလည်း ကျွန်တော်တို့အနေနဲ့ ဒေသခံတွေကို ပြောချင်တာက ကမ္ဘာ့နိုင်ငံအသီးသီးမှာ အထင်လွဲမှားစရာ မဖြစ်စေဖို့အတွက် ဒေသခံတွေ သည်းခံပေးဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အခုဖြစ်နေ တဲ့ ပြဿနာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုရင် နှစ်ဖက်စလုံးအနေနဲ့ စိတ်အလိုမလိုက်ဖို့ လိုပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
rakhine_1
နေအိမ်မီးလောင်ခံခဲ့ရသဖြင့် ပစ္စည်းများ သယ်ဆောင်လာသူတစ်ဦး

rakhine_1
ဇွန်လ ၁၀ ရက်နေ့ စစ်တွေမြို့ မင်းဂံရပ်ကွက် မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေသခံများ
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်)ရေကန်ကို ဘင်္ဂါလီအမျိုးသမီးနှစ်ဦး လာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျင်အမြန် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစခစခန်းကို ဘင်္ဂါလီ ရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင်ရဲ တပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။
မောင်တောမြို့ရှိ လေးမိုင် ကယ်ဆယ်ရေးစခန်းသို့ ရခိုင်တိုင်းရင်းသားများ ထပ်မံရောက်ရှိလာပြီး လူဦးရေ ၂၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက သိရသည်။
rakhine-20
မောင်တောမြို့အတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတစ်ခု
မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာ၌ လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်)တို့ ဖြစ်ကြသည်။ မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း(၃၈နှစ်)နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်)တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ လူငါးဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည် ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။
rakhine-20
မောင်တောမြို့လယ်အား ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ်
ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေသည်ဟု သိရသည်။
မောင်တောမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ရှိနေသော အလယ်သံကျော် နစက စခန်းကို ဘင်္ဂါလီ ရိုဟင်ဂျာများ ၀ိုင်းပြီးခဲဖြင့် ပစ်ခတ်နေသဖြင့် လုံထိန်းများက သေနတ်ပစ်ဖောက် သတိပေးနေကြောင်း အလယ်သံကျော် ဒေသခံတစ်ဦးက ဇွန်လ ၁၀ရက်နေ့ နံနက်ပိုင်းက ပြောပါသည်။
မောင်တောရှိ UNDP, UNHCR, UNICEF, UNFPA, WFP, CARE, AZG, ACF အစရှိသော UN နှင့် NGO ရုံးများ လုပ်ငန်းများ ရပ်နားပြီး ၀န်ထမ်းများသို့ ပြည်တွင်းရှိ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုလိုက်ကြောင်း သိရှိရပါသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများဖော်ပြမှုနှင့်ပတ်သက်၍ ဂျာနယ်လစ်များကို ခေါ်ယူသတိပေး၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)အရ ထောင်ဒဏ်ခုနှစ်နှစ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ထည့်သွင်းပြောကြား


ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများ ဖော်ပြမှုနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် အရေးယူမှုအပြင် အရေးပေါ်စီမံမှု အက်ဥပဒေ၊ ပုဒ်မ ၅ (ည)အရ ထောင်ဒဏ် (၇)နှစ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဇွန်လ ၁၀ ရက် နေ့ ည ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဂျာနယ်လစ်များကို ခေါ်ယူ သတိပေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
w7_36_05_1

ထိုသို့ တွေ့ဆုံ သတိပေးရာတွင် ရခိုင်ပြည်နယ်သတင်း၊ ဖြစ်စဉ်များကို နိုင်ငံတော်မှ ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ အခြေအနေအား ထိန်းသိမ်းပေးထားကြောင်း၊ သို့သော် မီဒီယာများမှ အခြေအနေကို ပိုမိုဆိုးစေနိုင်သည့် လှုံ့ဆော်ရေးသားမှုများ ရှိလာခြင်းကြောင့် ခေါ်ယူသတိပေးခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ရေးသားလျှင် အုပ်ချုပ်ရေးပိုင်းအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

မီဒီယာများအနေဖြင့် ရခိုင်ပြည်နယ်သတင်းအား ဖော်ပြရာတွင် သတင်းအချက်အလက် မှန်ကန်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအချက်များကို တော်တော်ကြီး ဆန့်ကျင်နေကြောင်း၊ ထို့အတွက် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်းအ နေဖြင့် တရားဥပဒေအရ အရေးယူသွားမည်ဟု ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူငါးချက်ဖြစ်သော ဘက်လိုက်ရေးသားဖော်ပြခြင်း မပြုရန်၊ အကြောင်းတစ်ရပ်ကို ရေးသားဖော်ပြရာတွင် ဘက်စုံ ထောင့်စုံ လေ့လာသုံးသပ်၍ ရေးသားဖော်ပြရန်၊ လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲ ကျင့်သုံးရေးသားရန်၊ ဒီမိုကရေစီအရ လွတ်လပ်စွာ ကွဲပြားခွင့်ရှိသော်လည်း ယင်းကွဲပြားမှုများကြားမှ ညီညွတ်မှု Unity In Democracy ဖော်ဆောင်ကြရန်၊ ယင်းသို့ဖော်ဆောင်မှုများအား အမျိုးသားရေးကို အခြေခံဆောင်ရွက်ကြရန်ဟူသော အချက်ငါးချက်နှင့်အညီ ချ မှတ်ပေးထားကြောင်း ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။
''အခုအခြေနေဟာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အချိန် ဖြစ်နေပါတယ်။ အားလုံးလည်း သိပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ရေးသားတဲ့အခါမှာ ကိုယ့်ဂျာနယ် ရောင်းရရင်ပြီးရောပဲ၊ တိုင်းပြည်ဘာဖြစ်ဖြစ်၊ လူမျိုးဘာဖြစ်ဖြစ် ဆိုတဲ့ဟာမျိုးနဲ့ ရေးတဲ့ဟာတွေ အများကြီးရှိပါတယ်။ ဒါတွေကတော့ သတင်းမှန်တယ် အမှန်ကိုရေးတာပဲလို့ ဆိုပေမယ့် စောစောကပြောတဲ့ အချက်တွေနဲ့ပြန်ကြည့်ရင် ဒါတွေဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးတွေ သတိပြုဖို့ လိုပါတယ်။ ကျွန်တော်တို့ ဒီနေ့ ခေါ်ပြော တဲ့ အပိုင်းတွေကတော့ တိုင်းပြည်ဟာ အရေးကြီးတဲ့အချိန် ဖြစ်နေတယ်။ ရှိနေတယ်။ တည်ဆဲ ဥပဒေလည်း ရှိတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ရှိနေပြီ။ ပြန်ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ တစ်ချို့က ထုတ်ဖော်ပြောတာတွေလည်း ရှိတယ်။ လွတ်လပ်စွာ ရေးသားနိုင်တယ်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)မှာ နိုင်ငံသား၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ၊ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ အပေါ်မှာ ထည့်ထားတာက ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရား။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဒါတွေကို မဆန့်ကျင်ဖို့။ အခုက တော်တော်လေး ဆန့်ကျင်လာတဲ့ အနေအထားဖြစ်နေတယ်။တစ်ဖက်က ခုနကပြောတဲ့ ငါးချက်နဲ့ ပြန်ကြားရေးဝန်းကြီးဌာနက မူဝါဒတွေချတဲ့ဟာကတော့ ပြန်ကြားရေးအပိုင်းနဲ့ ကျူးလွန်ချိုးဖောက်ရင် သူ့အရေးယူသင့်တဲ့အပိုင်းက ယူတဲ့အပိုင်းတွေ ရှိသလို။ ဒီနေ့ ကျွန်တော်တို့ အုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ဒီပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် ဒါ ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၎င်းက''တစ်ဖက်က ပြန်ကြားရေးဝန်ကြီးဌာနက သူ့စာပေဆိုင်ရာ မူဝါဒတွေကို ချိုးဖောက်လို့ အရေးယူရမယ့်အပိုင်းရှိသလို ကျွန်တော်တို့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပြစ်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့က နိုင်ငံတော် အကျိုးအတွက် အရေးယူသင့်တာ ယူရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ပြောထားတာဖြစ်ပါတယ်။ နောက် ပုဒ်မ ၃၆၄ မှာလည်း နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ၊ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊  တစ်ဖက်နဲ့တစ်ဖက် တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်လျှင် ထိုအပြုအမှုမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။ ဒါတွေလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ နောက် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ၊ ဒါ ၁၉၅၀ ပြည့်နှစ် အက်ဥပဒေပေါ့။
တစ်ချို့က တည်ဆဲဥပဒေက မဖျက်သိမ်းပါဘူး။ ဆက်လက်ပြီးတော့ တည်ဆဲဥပဒေ ရှိနေဆဲ ဖြစ်ပါတယ်။ တည်ဆဲဥပဒေ ရှိနေဆဲနဲ့ တစ်ချို့ အရေးယနိုင်တဲ့ အနေအထား ရှိပါတယ်။ ပုဒ်မ ၅၊ မည်သူမဆို အဓိက 'ည' နဲ့ သက်ဆိုင်တယ်။ 'ည' မှာ ပြည်ထောင်စု၏ လုံခြုံရေးကိုလည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ဖော်ဆောင်ရေးကို သော်လည်းကောင်း၊ ထိခိုက်စေရန်အကြောင်း ရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစ်စု၏ ကိုယ်ကျင့်တရားကိုဖြစ်စေ အပြုအမူကိုဖြစ်စေ ဖောက်လွဲဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ ဖြစ်စေရန် အကြောင်းရှိသော အမှုကိုပြုလျှင် ထိုသူအား ၇ နှစ်အထိ ထောင်ဒဏ် သော်လည်းကောင်း၊ ငွေဒဏ် သော်လည်းကောင်း၊ နှစ်ရပ်လုံးကိုသော်လည်းကောင်း ထိုက်သင့်စေရမည်။
'ဃ'မှာတော့ အများပြည်သူတို့အား သို့တည်းမဟုတ် ပြည်သူတို့အား အထိတ်တလန့် ဖြစ်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသော အမှုကိုပြုလျှင် ဒါလည်း ဒီပြစ်ဒဏ်တွေ ကို ချမှတ်နိုင်တဲ့အကြောင်း ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီတည်ဆဲဥပဒေမှာပဲ ရှိနေတာ ပုဒ်မ ၅၀၅ မှာ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ မပြုရ။ သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် သူက အဓိကကတော့ (ခ) နဲ့ဆိုင်တဲ့အတွက် ပုဒ်မ ၅၀၅(ခ)မှာ နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ် မှု၊ တစ်ဦးတစ်ယောက်သောသူက ကျူးလွန် ချင်လာအောင် အများပြည်သူကို သော်လည်း၊ အများပြည်သူ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစား အချင်းချင်းဖြစ်စေ လူမျိုးစုအချင်း ချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်မျိုးစလုံးကိုဖြစ်စေ ချမှတ်ရမည်။ ဒါက တည်ဆဲဥပဒေမှာ အခုလိုမျိုး ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။
''ခေတ်တွေက ပြောင်းပြီဆိုပြီး အခုတော့ ဘာမှမပြောင်းသလိုပါပဲ။ အရင် စစ်အစိုးရလက်ထက် အုပ်ချုပ်မှုစနစ်ဟောင်းအတိုင်း လုပ်ဆောင်တာမျိုးကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ စာပေလွတ်လပ်ခွင့် အပြည့်အ၀ မရသေးပါဘူး။ ကျွန်တော်တို့ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေနေရတဲ့ မီဒီယာတွေပါ။ ကျွန်တော်တို့ သတင်းမီဒီယာတွေအနေနဲ့ အခုချိန်ထိ စာပေစိစစ်ရေးက သတ်မှတ်တဲ့ စည်းမျဉ်းတွေနဲ့ လုပ်ဆောင်နေရဆဲပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့အနေနဲ့လည်း အရာရာကို ထိန်းထိန်းသိမ်းသိမ်း လုပ် ဆောင်နေပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ ဘယ်လိုဥပဒေတွေနဲ့ အရေးယူလို့ ရတယ်ဆိုတာမျိုး ခေါ်ပြောတာကတော့ မဖြစ်သင့်ပါဘူး။ မကြာခင်မှာ စာပေစိစစ်ရေးကို ဖျက်သိမ်းတော့မယ်လို့ ပြောထားတယ်။ စာပေစိစစ်ရေး ရှိနေတဲ့အချိန်မျိုးမှာတောင် အခုလို တိုင်းဒေသကြီးအစိုးရအဖွဲ့က ခေါ်ယူသတိပေးတယ်ဆိုရင် စာပေစိစစ်ရေး မရှိတော့တဲ့ အချိန်မှာဆိုရင် ဒါဟာ သတင်းလွတ်လပ်ခွင့်အတွက် ဆိုးဝါးတဲ့ အခြေအနေတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ တစ်ဖွဲ့ချင်းစီကသာ ဒီလိုခေါ်သတိပေးနေရင် ကျွန်တော်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ်တွေကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြည်သူတွေ ဖြစ်ရပ်မှန်တွေ သိအောင်၊ မလိုလားအပ်တာတွေ မဖြစ်အောင် ရေးသားဖော်ပြနေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ရခိုင်ပြည်နယ်က ဖြစ်စဉ်သတင်းရေးသားမှုတွေအတွက် ဂျာနယ်လစ်တွေကို ဥပဒေတွေနဲ့ ခေါ်သတိပေးတဲ့အပေါ် တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းလွတ်လပ်ခွင့်အတွက် ဒါကို ကန့်ကွက်ချင်ပါတယ်''ဟု Weekly Eleven News Journal  မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
ယခုကဲ့သို့ ခေါ်ယူ တွေ့ဆုံ၍ သတိပေးမှုများနှင့်ပတ်သက်၍ အဆိုပါပွဲသို့ တက်ရောက်သော ဂျာနယ်လစ်အချို့မှ ၀န်ကြီးချုပ်၏ ပြုမူပြောဆိုသည့် အသုံးအနှုန်းအချို့ပေါ်တွင် စိတ်ပျက်ရကြောင်း၊ ပြောကြားလိုသည့် သဘောထားကို လက်ခံနိုင်သော်လည်း ယခင်အုပ်ချုပ်မှုမှ အကျင့်ဟောင်းများအတိုင်း ပြုမူဆက်ဆံသည့်အပေါ်တွင်မူ လက်ခံရန် ခက်ခဲကြောင်း The Voice Weekly Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

 ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးရသတင်းများ


ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးရသတင်းများကို စုစည်းဖော်ပြထားပါသည်။
စစ်တွေမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းဓာတ်ပုံများ

စစ်တွေမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းဓာတ်ပုံများ

စစ်တွေမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းဓာတ်ပုံများ
ဇွန်လ ၁၀ ရက် ည ၉ နာရီ
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်) ရေကန်ကို ဘင်္ဂါလီအမျိုးသမီး နှစ်ဦးလာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျင်အမြန် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။
ဇွန်လ ၁၀ ရက် ည ၈ နာရီ ၅၀ မိနစ်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၂(က) တွင် တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ် တစ်နယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု တစ်စုတွင် ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ် တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်း ရှိကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းများက တင်ပြလျှင်သော် လည်းကောင်း နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။
ဇွန်လ ၁၀ ရက် ည ၈ နာရီ ၃၅ မိနစ်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃(က) တွင် အရေးပေါ် အခြေအနေ ကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် နိုင်သည်ဟု ဖော်ပြပါရှိပါသည်။
ဇွန်လ ၁၀ ရက် ည ၈ နာရီ ၁၅ မိနစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စစဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-
မိဘပြည်သူများနဲ့ ညီအစ်ကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
မိဘပြည်သူများ သိရှိပြီး ဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ (၂၈)ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်နီမော် ဖြစ်စစဉ်ကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ အပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်း ထိန်းသိမ်းစောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။
မိဘပြည်သူများခင်ဗျား-
ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှ စတင်ပြီး မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒ (၂)ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာကို ဒုတိယအဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ အစစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင် ဖြည့်စွက် အသစ်ပြဋ္ဌဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့ အချိန်ကစပြီး ဖြစ်ပွားသော နေရာများမှာ ချက်ချင်း တည်ငြိမ်အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြား ဆက်စပ် ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေ အေးငြိမ်းသွားအောင် ကြိုတင် ပြင်ဆင် စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စစဉ်များနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေများကိုလည်း မိဘပြည်သူများအား အချိန်နဲ့တစ်ပြေးညီ ချပြ အသိပေးလျက် ရှိပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက်လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း ဇွန်လ ၉ ရက်နေ့ ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန့်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ် ဆိုရင် ရခိုင်ပြည်နယ် တွင်သာမက ပိုမိုကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထားကြစေချင်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီလို ဖြစ်စစဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျစဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စစဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ထို့အတူ ဘာသာရေး အဖွဲ့အစည်းများနဲ့ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။
မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့အားလုံး မျှော်မှန်း တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစစဉ်များဟာ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေများကို ​လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး သမားများ၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးရဲ့ အသိတရားနဲ့ယှစဉ် သတိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြား လိုပါတယ်။
ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အဖွဲ့အစည်း အားလုံးတို့က လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါ စေကြောင်းနဲ့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

 လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည်ဆိုသော သတင်းများ မကြားသိရသေး


ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော ဖြစ်စဉ်များကြောင့် စစ်တွေမြို့ကို လုံခြုံရေးရယူထားသော လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများ မကြားသိရ သေးကြောင်း စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံ ရိုက်နှက်မှု ဖြစ်စဉ်များကြောင့် သေဆုံးထိခိုက် ဒဏ်ရာရသည့် သတင်းများသာ ကြားသိရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဘင်္ဂါလီရိုဟင်ဂျာများသည် ဒေသခံရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များသို့ ၀င်ရောက်ဖျက်ဆီးရန် ကြိုးစားမှုများ ရှိနေကြောင်း၊ ထိုကဲ့သို့ ကြိုးစားမှုများကို ဒေသခံ ရခိုင်လူမျိုးများက ကာကွယ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ခြောက်လှန့်ပစ်ခတ်မှုများရှိနေကြောင်း၊ မြို့ကို တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အရေအတွက်မှာ ရခိုင်လူမျိုးများ၏ အသိုက်အ၀န်းကို ဖျက်ဆီးရန် ကြိုးစားနေသော ဘင်္ဂါ လီရိုဟင်ဂျာများအား ထိန်းနိုင်ရန်အတွက် လုံလောက်သည့် အရေအတွက် မဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှုများကိုသာ ပြုလုပ်နေမှုကို စစ်တွေမြို့ခံများက အားမလို အားမရ ဖြစ်နေကြောင်း ပြောကြားခဲ့ကြပြီး ဒေသခံရခိုင်လူမျိုးများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသည့် ဘင်္ဂါလီ ရိုဟင်ဂျာများအား ထိထိရောက်ရောက် နှိမ်နင်းစေလိုကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ခြောက်လှန့် ပစ်ခတ်မှုများကိုသာ အဓိကပြုလုပ်နေမှုကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာများအနေဖြင့် ကြောက်ရွံ့မှုမရှိဘဲ ဒေသခံရခိုင်လူမျိုးများ၏ နေအိမ်များ၊ ရွာများကို မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့ ဖြစ်စဉ်တွင်မူ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၁ ဦး ရှိခဲ့သည်။

 မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ မြို့တွင်း အခြေအနေ အထိုက်အလျောက် တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာ


မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများက ဇွန်လ ၈ ရက်နေ့၌ လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းနေ့တွင်ပင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်အတွက် ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်း အခြေအ နေ အထိုက်အလျောက် တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်တွေမြို့တွင်မူ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာကြောင်း သတင်းရရှိပါသည်။
စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသား  များ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသား လေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနှင့် လေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
မင်းဂံရပ်ကွက် ၁၃ သို့ ၀င်ရောက်ရန် ကြိုးစားသည့် ဘင်္ဂါလီများမှာ  စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဖြစ်ကြပြီး ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိကာ သတိပေးမှုများ ပြုလုပ်နေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင်ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ

လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှာ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း၊ လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့ချိန်တွင် စစ်တွေမြို့ပြင် ဘင်္ဂါလီရွာများမှ ဘင်္ဂါလီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ

ထို့ပြင်စစ်တွေမြို့တွင်း လုံခြုံ ရေးအတွက် မြို့ခံရခိုင်တိုင်းရင်းသားများက မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကို ကိုင်ဆောင်၍ မိမိတို့၏ အိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တွေမြို့ အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံး ရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂါလီများက မင်းဂံရပ်ကွက် ၁၃  နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်းဖြစ်သည်။ အဆိုပါ နေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေးနေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲဖြစ်ကြောင်း လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေးအင်အားနည်းသော ရပ်ကွက်များကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။  လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက အနောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင်ရှိနေသော ဘင်္ဂါလီ အများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးပါဘူး။ ရိုဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။ လတ်တလော ဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစကစခန်းကို ဘင်္ဂါလီရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင် ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။

 စစ်တွေမြို့၌ လုံခြုံရေးမလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာ


စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်တွေမြို့မှ  ရရှိသော သတင်းများအရ သိရသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်၁၃ သို့ နံနက် ၁၀ နာရီ မိနစ်၃၀အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသးများနှင့် ထိပ်တိုက် တိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသားများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားလေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
အဆိုပါလေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ မင်းဂံရပ်ကွက်၁၃ သို့ ၀င်ရာက်ရန် ကြိုးစားသည့် ဘင်္ဂါလီများမှာ  စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဘင်္ဂါလီများဖြစ်ကြပြီး ယခုအချိန်တွင် အဆိုပါရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သတိပေးမှု များ ပြုလုပ်နေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင်ဖြစ်ကြာင်း သိရသည်။
rakhine-20
rakhine-20
rakhine-20
rakhine-20
rakhine-20

လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်း နေရကြောင်း သိရသည်။
ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့ချိန်တွင် စစ်တွေမြို့ ပြင်ဘင်္ဂါလီရွာများမှ ဘင်္ဂါလီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောပါသည်။

ထို့ပြင် စစ်တွေမြို့တွင်း လုံခြုံရေးအတွက် မြို့ခံရခိုင်တိုင်းရင်းများက မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကိုကိုင်ဆောင်၍ မိမိတို့၏ အိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တွေမြို့ အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄ တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံးရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂါလီများက မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄ကိုမီးရှို့ရန်ကြိုးစားနေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ် ဖောက် သတိပေးနေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက် ရှိနေဆဲဖြစ်ကြောင်း လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေးအင်အားနည်းသော ရပ်ကွက်များကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက အနောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင် ရှိနေသော ဘင်္ဂါလီအများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှုမရှိသေးပါဘူး။ ရော်ဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။
လတ်တလောဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...
ukok44@gmail.com